Saturday, March 19, 2011

ငါးကင်မွှေးမွှေးလေး





 နောက်ဆုံးအကောင်လေးကတူးသွားတယ်


သမီးလေးကငါးကင်စားချင်တယ်ဆိုတာနဲ့ဒီနေ့ငါးကင်ဖြစ်ပါတယ်။ငါးကင်ဖို့အတွက်
ငါးတွေကိုရေစင်အောင်ဆေးပြီးမွှန်းပါတယ်။ဂျင်း၊ကြက်သွန်ဖြူ၊ရှမ်းနံနံနဲ့ငြုပ်သီးစိမ်း
၂တောင့်လောက်ကိုစက်နဲ့ကြိတ်လိုက်ပါတယ်။ကျမသဘောဆို၅တောင့်၆တောင့်
လောက်ထည့်ချင်တာ၊သမီးလေးနဲ့သူ့ဖေဖေကအစပ်မစားနိုင်တာနဲ့၂တောင့်ပဲထည့်
လိုက်ရတယ်။ဇလုံတစ်လုံးထဲမှာမွှန်းထားတဲ့ငါးရယ်၊ကြိတ်ထားတဲ့အဆာပလာတွေကို
အရည်ညှစ်ပြီးရယ်ဆား၊ဆီနဲနဲ၊ဆနွင်းနဲ့ကြက်သားမှုန့်သံပုရာရည်ညှစ်ထည့်ပြီးအားလုံး
ရောသမမွှေလိုက်ပါ တယ်။ငါးဗိုက်ထဲကိုလည်းအရည်ညှစ်ပြီ်းထားတဲ့အဆာတွေထည့်
လိုက်ပါတယ်။ငါးခေါင်းဖက်ကနေတုတ်နဲ့ထိုးပြီးဂက်စ်မီးတောက်နဲ့ပဲဟိုဖက်ဒီဖက်လှန်
ပေးပြီးကင်ပါတယ်။Oven နဲ့ကင်တဲ့အရသာကခြောက်သွားပြီးစားရတာမကြိုက်လို့ငါးကင်
တိုင်း မီးတောက်နဲ့ပဲကင်ပါတယ်။မီးသွေးနဲ့ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ကျမက
မီးသွေးဖိုမရှိတာမို့အလွယ်ဂက်စ်မီးတောက်ကိုသုံးလိုက်တာ။ပြီးရင်တော့မီးဖိုကိုသေချာ
ပြန်သုတ်ပေတော့။ငါးကင်ကတော့တော်တော်စားကောင်းတယ်။အချဉ်ကြိုက်ရင်သံပုရာ
သီးထပ်ညှစ်ပေါ့နော်။လွယ်ကူမြန်ဆန်ပြီးစားလို့ကောင်းတဲ့ငါးကင်မွှေးမွှေးလေးရပါပြီ။
ကြိုက်နှစ်သက်ရင်အားမနာတမ်းစားသွားလို့ရပါတယ်။
ကျမက တလားဗီးယားငါးနဲ့ကင်ထားတာပါ။
 

13 comments:

  1. ငါးကင်ကြိုက်ပါတယ်။ အားပေးသွားပါတယ်။
    အိုင်အိုရာ

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)March 20, 2011 at 12:07 AM

    ဖတ်နေရင်း သွားရေလေးတောင် သိမ်းလိုက်မိတယ်
    တကယ်ပြောတာ ဘာမှ မစားခင် မနက်လာဖတ်တော့ ဗိုက်ဆာနေချိန်မဟုတ်လား
    ငါးကင်က တကယ့်ကို စားချင်စရာလေးလေ
    အဲ ဂက်စ်နဲ့ကင်လို့ရတာ မသိဘူး
    ဒါကြောင့် မကင်ဖြစ်တာ။
    မီးသွေးကျတော့နည်းနည်းပျင်းနေတာနဲ့ ဟီး

    ReplyDelete
  3. ငါးကင်...နွေရောက်ရင် အပြင်မှာမီးသွေးနဲ့ ကင်လို့ ရပြီ။
    အခုတော့ ပုံကြည့်ပြီ........အားပေးသွားပါတယ်။

    ReplyDelete
  4. မမရေ ငါးကင်လေး စားချင်လို့ ယူသွားပြိးနော်..:P
    ကောင်းသောနေ့လေး ဖြစ်ပါစေ မမ။

    ReplyDelete
  5. ငါးကင်စားချင်တယ်

    ReplyDelete
  6. ငါးကင် ကြိုက်တယ်.. စားချင်တယ်.. :)

    ReplyDelete
  7. ငါးကင်ကြိုက်သည်...။
    လာငမ်းသွားသည်...။

    ReplyDelete
  8. စားချင်စရာလေး။ သမီးနဲ့ အဖော်စပ်လို့ရရင် တစ်ရက်ကင်စားဦးမည်။

    ReplyDelete
  9. အကြိုက်ပေါ့။ အရင်ကဆို သူငယ်ချင်း ခြံထဲမှာ မီးပုံနဲ့ ငါးကင်နဲ့ ဝိုင်းကြတာလေ။ အဟီး . . အခုတောင်မှ ပြန်လွမ်းမိသေး။

    ReplyDelete
  10. Tilapia ငါးကင်လေး ကြိုက်တယ်။ ဂက်စ် မီးဖိုနဲ့ ကင်တာဆို အစ်မရေ ဂရုစိုက်နော်။ ရို့စ်တော့ အခုထိ ဂက်စ်မီးဖို မသုံးရဲသေးဘူး။ ဖွင့်လိုက်တာနဲ့ ၀ုန်းဆို မီးတောက်ပွင့်တာကို ကြောက်လို့း)

    ReplyDelete
  11. ငါးကင်လေးတွေကစားချင်စရာလေးတွေ...

    ReplyDelete
  12. ငါးကင်မွှေးမွှေးလေး ။လုပ်စားကြည့်အုန်းမယ်။

    ReplyDelete
  13. ညီမ ရေ

    ချက်တဲ့ ဟင်းလေးတွေကို ဒီနေ့မှ မြည်းခွင့်ရတော့တယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete