Monday, August 29, 2011

ကောင်းမှုကုသိုလ်များကိုရေစက်ချအမျှပေးဝေခြင်း






၀၁၁ ခုနှစ် ၊ ဇူလှိုင်လ ၊ ၄ရက် တနလာင်္နေ့က ဘဝတစ်ပါးသို့ကူးပြောင်းသွားသော ငွေစန္ဒာအတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး တရားနာ ၊ ရေစက်ချ အမျှဝေပွဲ အခမ်းအနားကို ဇူလှိုင်လ ၊ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

တစ်ဖန် လလည် ဆွမ်းကျွေး တရားနာ ၊  ရေစက်ချအမျှဝေပွဲ အခမ်းအနားများကို ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၊ ၁၃ ရက်နေ့ နှင့် သြဂုတ်လ ၊ ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

တစ်ဆက်တည်း မွေးသမိခင်ကျေးဇူးရှင် ၏ ကြွင်းကျန်ရစ်သော အရိုးပြာကို သား ၊ သမီးတို့က ဝန်ချတောင်းပန်ကန်တော့ကြပါသည်။

ဆက်လက်၍  ငွေစန္ဒာ၏ အရိုးပြာကို ကျန်ရစ်သူမိသားစုက မိတ်ဆွေသင်္ဂဟ အပေါင်းတို့နှင့်အတူ ပင်လယ်ပြင်သို့ သွားရောက်၍ ကြဲပက်ခဲ့ကြပါသည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲပါကြောင်း ပြောကြားကာ အကြံဉာဏ်ပေး ၊ အားပေး ၊ ဆုတောင်း ၊ အမျှဝေပေးမှုများ ပြုခဲ့ကြသော ဘလော့ဂါ မောင်နှမ အပေါင်းတို့အား ထပ်မံ၍ လှိုက်လှဲစွာ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

 

ကျန်ရစ်သူ မိသားစု