နောက်ဆုံးအကောင်လေးကတူးသွားတယ်
သမီးလေးကငါးကင်စားချင်တယ်ဆိုတာနဲ့ဒီနေ့ငါးကင်ဖြစ်ပါတယ်။ငါးကင်ဖို့အတွက်
ငါးတွေကိုရေစင်အောင်ဆေးပြီးမွှန်းပါတယ်။ဂျင်း၊ကြက်သွန်ဖြူ၊ရှမ်းနံနံနဲ့ငြုပ်သီးစိမ်း
၂တောင့်လောက်ကိုစက်နဲ့ကြိတ်လိုက်ပါတယ်။ကျမသဘောဆို၅တောင့်၆တောင့်
လောက်ထည့်ချင်တာ၊သမီးလေးနဲ့သူ့ဖေဖေကအစပ်မစားနိုင်တာနဲ့၂တောင့်ပဲထည့်
လိုက်ရတယ်။ဇလုံတစ်လုံးထဲမှာမွှန်းထားတဲ့ငါးရယ်၊ကြိတ်ထားတဲ့အဆာပလာတွေကို
အရည်ညှစ်ပြီးရယ်ဆား၊ဆီနဲနဲ၊ဆနွင်းနဲ့ကြက်သားမှုန့်သံပုရာရည်ညှစ်ထည့်ပြီးအားလုံး
ရောသမမွှေလိုက်ပါ တယ်။ငါးဗိုက်ထဲကိုလည်းအရည်ညှစ်ပြီ်းထားတဲ့အဆာတွေထည့်
လိုက်ပါတယ်။ငါးခေါင်းဖက်ကနေတုတ်နဲ့ထိုးပြီးဂက်စ်မီးတောက်နဲ့ပဲဟိုဖက်ဒီဖက်လှန်
ပေးပြီးကင်ပါတယ်။Oven နဲ့ကင်တဲ့အရသာကခြောက်သွားပြီးစားရတာမကြိုက်လို့ငါးကင်
တိုင်း မီးတောက်နဲ့ပဲကင်ပါတယ်။မီးသွေးနဲ့ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ကျမက
မီးသွေးဖိုမရှိတာမို့အလွယ်ဂက်စ်မီးတောက်ကိုသုံးလိုက်တာ။ပြီးရင်တော့မီးဖိုကိုသေချာ
ပြန်သုတ်ပေတော့။ငါးကင်ကတော့တော်တော်စားကောင်းတယ်။အချဉ်ကြိုက်ရင်သံပုရာ
သီးထပ်ညှစ်ပေါ့နော်။လွယ်ကူမြန်ဆန်ပြီးစားလို့ကောင်းတဲ့ငါးကင်မွှေးမွှေးလေးရပါပြီ။
ကြိုက်နှစ်သက်ရင်အားမနာတမ်းစားသွားလို့ရပါတယ်။
ကျမက တလားဗီးယားငါးနဲ့ကင်ထားတာပါ။