Friday, December 31, 2010

နှစ်သစ်အကြို

၂၀၁၁ ဇန္နဝါရီလ ၄ ရက်နေ့မှာ ဘုန်းကြီဆွမ်းကပ်ဖို့ရှိတာနဲ့ဒီနေ့လိုအပ်တာလေး
တွေထွက်ဝယ်ပါတယ်။ဘုန်းကြီးက တစ်ပါးတည်းဆိုပေမဲ့၊ညဘက်မှာတရားပွဲရှိတာ
ကြောင့်တရားနာပရိတ်သတ်တွေကိုကျွေးဖို့အတွက်ပါဝယ်ရပါတယ်။အိမ်ပြန်ရောက်
တော့၁၁ နာရီကျော်နေပါပြီ။အဲဒါနဲ့ပဲဒီနေ့နေ့လည်စာကိုမြန်မြန်ကျက်လွယ်တဲ့ပုဇွန်
ပဲချက်လိုက်ပါတယ်။ပုဇွန်ကိုငါးဖယ်နဲ့ရောချက်ပါတယ်၊ဘာလို့လည်းဆိုတော့

တစ်အိုးစီချက်ရင်ကြာလို့ပါ။ပုဇွန်ကိုရေဆေးအခွံနွှာပြီးဆား၊နနွင်း၊ငံပြာရည်နဲနဲထည့်
ပြီးနယ်ထားလိုက်ပါတယ်။ကြက်သွန်နီ ၃ ဥ၊အဖြူ ၅ တက်လောက်အခွံနွှာပြီး ကြိတ်ထားပါ။
ခရမ်းချဉ်သီး ၅ လုံးလောက်ကိုရေနဲနဲထည့်ပြီးပြုတ်ထား၊ရေဆူရင် အခွံ နွှာပြီးကြိတ်ပါ
တယ်၊သမီးလေးကခရမ်းချဉ်သီးကိုအခွံပါရင် မစားပါဘူး။ငါးဖယ်ဆုပ်အတွက် ဂျင်းလက် 
နှစ်ဆစ်လောက်နဲ့ကြက်သွန်ဖြူ ၅ တက်လောက်ကိုအရင်ကြိတ်ပါတယ်၊ပြီးရင်ငါးအသား၊
ဆား၊နနွင်း၊ငံပြာရည်၊ကော်မှုံ့နဲနဲထည့်ပြီးထပ်ကြိတ်ပါတယ်။စီးပြီးသမသွားရင် လက်ကို
ရေဆွတ်အပြားလေးတွေလုပ်ပြီးဆီပူပူမှာထည့်ကြော်ပါ။ကျက်ရင်ဆယ်ထားပြီး၊ခုနက
ကြိတ်ထားတဲ့ကြက်သွန်တွေကိုနနွင်းနဲနဲထည့်ပြီးဆီသတ်ပါ ကြက်သွန်ကျက်ရင် ငြုတ်သီး
အရောင်မှုန့်ထည့်ပြီးခဏနေရင် ကြိတ်ထားတဲ့ခရမ်းချဉ်သီးတွေထည့်မွှေပါတယ်၊ခရမ်း
ချဉ်သီးအနှစ်ကျက်ရင် နယ်ထားတဲ့ပုဇွန်ရော ကြော်ထားတဲ့ငါးဖယ်ရောထည့်မွှေ၊ဆားအ
ပေါ့အငံမြည်းပြီးနံနံပင်လေးအုပ်လိုက်ရင်ပုဇွန်ငါးဖယ်ဟင်းလေးရပါပြီ။
သမီးလေးအတွက်အာလူးကြော်ပါတယ်။အာလူးကိုအခွံနွှာလှီး ဆားနဲနဲထည့်နယ်ပြီး
ဆီပူပူမှာထည့်ကြော်လိုက်တာပါပဲ။သူကအသီးအနှံထဲမှာ ချဉ်ပေါင်၊ကန်ဇွန်းနဲ့အာ
လူးပဲစားပါတယ်။နောက်ငါးပိရည်ဖျော်ပါတယ်။ငါးပိရည်ကဟိုးရက်ကတည်းကကြိုပြီး

ခဲထားတာ၊မိုက်ကရိုဝေ့ဖ်နဲ့နွှေး၊ကြက်သွန်ဖြူနဲ့ငြုပ်သီးကိုမွှေးအောင်လှော်၊ပုဇွန်ခြောက်
နဲ့ရောကြိတ်ပြီးထည့်မွှေလိုက်ရင်ငါးပိရည်ရပါပြီ။တို့စရာကတော့ရေနွေးပွက်ပွက်ဆူ
ထဲကိုသကြားနဲနဲထည့်ပြီး၊အသီးအနှံတွေထည့်ခဏနေရင်ရေခဲရေထဲဆယ်ထည့်လိုက်၊
အဲဒါဆိုအရောင်မပျက်တော့ဘူး။စားလို့လည်းကောင်းတယ်။တို့စရာကတော့ပဲသီး၊
ပန်းပွင့်၊မုန်လာဥဖြူနဲ့နံနံပင်ပါ။ကဲ စားလို့ရပါပြီရှင်။

ပုဇွန်နဲ့ငါးဖယ်ဟင်း
ဒါကဗူးနဲ့ထည့်ထားတာပါ
အာလူးကြော်
ငါးပိရည်
တို့စရာ
ဖရဲသီး
စပျစ်သီး
 မနက်ဖြန်ဆိုရင်နှစ်ဟောင်းကုန်လို့နှစ်သစ်ကိုရောက်ပါတော့မယ်။မိတ်ဆွေတွေအားလုံး
ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့မင်္ဂလာနှစ်သစ် (၂၀၁၁)  ဖြစ်ကြပါစေရှင်။ဒီနေ့ ၂၀၁၀ ရဲ့နောက်ဆုံးနေ့လေးမှာ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုဖို့ ပုံစံမျိုးစုံနဲ့ပြင် 
ဆင်နေကြပါတယ်။တချို့နိုင်ငံတွေမှာနှစ်သစ် ဖြစ်နေပေမဲ့၊တချို့နိုင်ငံတွေမှာ နှစ်ဟောင်း
မကုန်သေးပါဘူး။
ကမ္ဘာပေါ်မှာပထမဦးဆုံးနှစ်သစ် (၂၀၁၁) ကိုကူးတဲ့နိုင်ငံက KIRIBATI ဖြစ်ပြီးတော့၊
နောက်ဆုံးမှနှစ်သစ် (၂၀၁၁) ကူးတဲ့နိုင်ငံကတော့AMERICAN SAMOA  ဖြစ်ပါတယ်။

ကျမတို့နေတဲ့မြို့မှာလည်းမြန်မာမိသားစုတွေစုပြီး နှစ်သစ်ကိုကြိုဆိုဖို့ပြင်ဆင်နေ
ကြပါတယ်။ကျမတို့ကိုဖိတ်ထားပေမဲ့သမီးလေးကလည်းမသွားချင်၊ညဘက်လည်း
ကားမမောင်းချင်တာနဲ့မသွားဖြစ်တော့ပါဘူး။

ကမ္ဘာပေါ်မှာရှိနေကြ ဖြစ်နေကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးဘေးရန်ကြောင့်ကြ
ဆင်းရဲကင်းပြီး ပျော်ရွှင်ချမ်းမြေ့တဲ့နှစ်သစ်မင်္ဂလာဖြစ်ကြပါစေရှင်။

7 comments:

  1. ငါးဖယ် ဆုပ်နဲ့ပုဇွန်ဟင်းက စားချင်စရာလေး
    တကယ်ကို ကြိုက်တဲ့ဟင်းမို့လေ.. အရွက်စိမ်းလေးတွေနဲ့ဆိုတော့ ပိုလို့ စားကောင်းမဲ့ပုံ
    ငပိရည်နဲ့တို့စရာလဲ ထမင်းမြိန်မဲ့ဟင်းပါဘဲနော်
    ဟင်းကောင်းတွေစားပြီးဆုတောင်းပေးပါတယ်..
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ
    ဆန္ဒအားလုံးပြည့်ဝပါစေနော်..

    ReplyDelete
  2. ပုစွန်နဲ့ ငါးဖယ်ဟင်းလေး တကယ် စားချင်တယ်.. ငါးပိရည်တို့စရာလည်း ကြိုက်တယ်..
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်..

    ReplyDelete
  3. အစ်မငွေစန္ဒာ... ပုဇွန်နဲ့ ငါးဖယ်ဆို ရို့စ် သိပ်ကြိုက်တာ။ ချက်ထားတာ စားချင်စရာလေး။ အစ်မလည်း သမီးလေး မေမေလား။ ကောင်းလိုက်တာ။ သမီးလေး ဓာတ်ပုံလေးတွေ ပြပါဦး အဆင်ပြေရင်း)

    ReplyDelete
  4. နှစ်သစ် အကြိုဟင်းတွေက မိုက်တယ်

    ReplyDelete
  5. ပုဇွန်ငါးဖယ်ဟင်းလေးက စားချင်စရာ။ ဖရဲသီးရော၊ စပျစ်သီးပါ ကြိုက်တယ်။ အားလူးကြော်ကတော့ အကြိုက်ဆုံးပဲ။ အာလူးဆို ဘာလိုလုပ်လုပ် ကြိုက်တယ်။

    ReplyDelete
  6. နှစ်သစ်မှာပျော်ရွှင်ပါစေ..။
    ပုဇွန်ဟင်းလေးက စားချင်စရာ။
    တို့စရာတွေရော စုံလို့..။
    လာလည်တဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  7. ပုဇွန်ဟင်း လေး နဲ့ ငါးပိရည်ကျိုနဲ့ မြိန်မြိန်စားသွားပါတယ်ဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete