Sunday, February 6, 2011

ဝက်သားအချိုချက်နဲ့ထမင်းသုပ်

ဝက်သားအချိုချက်


ထမင်းသုပ်



ဒီနေ့သမီးလေးနဲ့ သူ့ဖေဖေကဝက်သားစားချင်တယ်ဆိုတာနဲ့လွယ်ကူမြန်ဆန်တဲ့ဝက်သား အချိုချက်လိုက်ပါတယ်။ဝက်သားကိုတုံးတစ်ရေဆေးပြီးပဲငံပြာရည်အကြည်၊ဆားအနည်းငယ်နဲ့
နယ်ထားလိုက်ပါတယ်။
ကြက်သွန်အနီငါးလုံးလောက်ကိုလည်းခပ်ထူထူလှီးထားလိုက်ပါတယ်၊ဂျင်းလက်နှစ်ဆစ်ကိုလည်း
အခွံခွာခပ်ထူထူလှီးထား၊ကြက်သွန်ဖြူငါးတက်လောက်ကိုအခွံခွါ ဓါးပြားနဲ့ထုထားလိုက်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ကိုချက်မဲ့အိုးတင်ပြီးမီးခလုတ်ဖွင့်ပြီးတာနဲ့ သကြားထမင်း
စားဇွန်းနှစ်ဇွန်းလောက်ထည့်ပြီး သကြားရည်ပျော်ပြီးနီညိုရောင်လေးဖြစ်လာရင်ခုနနယ်ထားတဲ့
ဝက်သားတွေထည့်မွှေပါတယ်။ပြီးရင်ခုနတုန်းကခပ်ထူထူလှီးထားတဲ့ ကြက်သွန်နီ၊ဖြူ၊ဂျင်းအားလုံး
ကိုထည့်လိုက်ပါ။အနံ့မွှေးအောင်နာနတ်ပွင့်လေးတပွင့်ထည့်လိုက်ပါသေးတယ်။ဆီကိုဟင်းခပ်ဇွန်း
နှစ်ဇွန်းလောက်ထည့်ရေကိုဝက်သားမြုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ချက်ပါတယ်။မကြာမကြာ
မွှေပေးပြီးမနူးသေးရင်တော့ရေထပ်ထည့်ရတာပေါ့နော်။ဆီပြန်ပြီးဝက်သားလည်နူးပြီဆိုရင် ကြက်
သွန်မြိတ်လေးတွေဖြူးပြီးမီးပိတ်လိုက်လို့ရပါပြီ။

ကျမကဝက်သားမစားတော့ ထမင်းသုပ်စားလိုက်ပါတယ်။ထမင်း၊ခရမ်းချဉ်သီး၊ဂေါ်ဖီ၊မြေပဲဆံ၊
ပုဇွန်ခြောက်မှုန့်၊ပဲမှုန့်၊ငံပြာရည်၊ဆီချက်ဆမ်း၊ သံပရာသီးညှစ်ထည့်ပြီး အားလုံးရောသမမွှေလိုက်
တော့ထမင်းသုပ်ဖြစ်သွားတာပေါ့နော်။ကြက်ဥတစ်လုံးကြော်ပြီး၊ငြုပ်သီးတောင့်ကြော်နဲ့စား

လိုက်ပါတယ်။
ဒီနေ့ နေလို့သိပ်မကောင်းနေတာနဲ့ဖြစ်သလိုချက်စားတာလေးတင်လိုက်တာပါရှင်။

3 comments:

  1. ညီမက ၀က်သားကို အဲဒီလို အချိုချက်လေး ကြိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေလေးတောင် ချက်မစားဖြစ်ဖူး။ စာရေးဆရာက ငရုတ်သီးအရောင်မပါရင်မစားဘူးလေ။ ထမင်းသုပ်လေးက စားချင်စရာပဲ။ ညီမတော့ တစ်သက်လုံး မစားခဲ့တဲ့ ထမင်းသုပ်ကို ခုတလော ဓါတ်ကျနေတယ် အစ်မရေ။

    ReplyDelete
  2. ငွေစန္ဒာ နေမကောင်းဘူးလား
    ကြာပြီနော် ကျန်းမာရေးဂရုစိုက်ပါ
    ထမင်းသုပ်ကြိုက်တယ်။ ၀က်သားတော့
    ကိုယ်လည်း စားဘူးကွယ်။

    ReplyDelete
  3. အစ်မ ငွေစန္ဒာ အကြာကြီး ပျောက်နေတယ်နော်။ ပို့စ် အသစ်လေးတွေ မတက်တော့ သတိရနေတယ်။ ရို့စ်လည်း ၀က်သား မစားတော့ ထမင်းသုပ်လေးပဲ မြည်းသွားတယ်နော်။ အစ်မ နေကောင်း ကျန်းမာပြီး အစစ အရာရာ အဆင်ပြေပါစေရှင်။

    ReplyDelete