Tuesday, February 15, 2011

သံပုရာသီးသနပ်နဲ့ဆိတ်သားလုံးကြော်

သံပုရာသီးသနပ်
ပုလင်းထဲထည့်ပြီးပြီ
၂ ပုလင်းနဲ့တစ်ဝက်ရတယ်

ဆိတ်သားလုံးကြော်

ပုံကောင်းအောင်မရိုက်တတ်ဘူး

၃ပုံရိုက်လည်းဝါးတာပါပဲ

လွန်ခဲ့တဲ့တပါတ်လောက်ကသံပုရာသီးတွေမိတ်ဆွေတစ်ယောက်အိမ် ကနေခူးလာခဲ့တယ်။
အရမ်းတော့မမှည့်သေးဘူး။အလုံး၂၀ လောက်ရှိတယ်၊အိမ်မှာလည်းသံပုရာသီးသနပ်ရော
သရက်သီးသနပ်ရောကုန်နေတာနဲ့ သံပုရာသီးသနပ်လုပ်ထားဖို့စိတ်ကူးပြီးသံပုရာသီးတွေ
ကို ၈ပိုင်းပိုင်းအစေ့တွေဖယ်၊ဆားနဲ့နယ်၊ပုလင်းထဲမှာသိပ်ပြီးနေပူမှာပုလင်းကိုထုတ်လှမ်း
ပါတယ်။ဒီနေ့ဆို၅ရက်၆ရက်လောက်ရှိပြီပေါ့။ပုလင်းဖွင့်ကြည့်လိုက်တော့သံပုရာသီးအသား
လေးတွေကနူးအိနေပြီး သံပုရာသီးသနပ်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီ။ကုလားဆိုင်ကဝယ်စားရင်
ဈေးကြီးပြီးနဲနဲလေးပဲရတာတကယ်မတန်ဘူး။ကိုယ့်ဟာကိုယ်လုပ်တော့သန့်သန့်ရှင်းရှင်း လတ်လတ်ဆတ်ဆတ်စားရတာပေါ့နော်။လုပ်ရတာလည်းလွယ်ပါတယ်။သံပုရာသီးမြုတ်အောင်
ဆီထည့်ရမှာဆိုတော့ အိုးထဲမှာဆီများများထည့်ပြီးမီးဖိုပေါ်မှာဆီပူအောင်ထားပါ၊ဆီပူလာရင်
မုန်ညင်းစေ့ထမင်းစား
ဇွန်း၂ဇွန်းလောက်ထည့်လိုက်ပါ၊မုန်ညင်းစေ့လေးတွေတဖျောက်ဖျောက်နဲ့
ဖြစ်လာရင်မီးပိတ်ထားလို့ရပါပြီ။ ပြီးရင်ဆနွင်း၊ငြုပ်သီးအရောင်မှုန့်၊မဆလာတို့ကိုထည့်မွှေပါတယ်
မီးပိတ်ပြီးမှထည့်တာကအရောင်မှုန့်နဲ့ မဆလာတွေတူးမသွားပဲအရောင်လှအောင်လို့ပါ။

ပြီးရင်ခုနပုလင်းထဲကသံပုရာသီးတွေကိုထည့်ပါ၊အရည်တွေမထည့်ပါနဲ့။သံပုရာသီးနယ်တုန်းက
ဆားထည့်ပြီးသားမို့ဆားထပ်ထည့်ဖို့လည်းမလိုပါဘူး။ကြက်သွန်ဖြူအမွှာလေးတွေ
လည်းထည့်ပ
တယ်။အချဉ်ပေါ့သွားအောင်သကြားသို့မဟုတ်အချိုမှုန့်ကြိုက်ရာထည့်လို့ရပါတယ်။
အမျိုးသားကကြက်သွန်ဖြူကြိုက်လို့ ကျမကကြက်သွန်ဖြူတော်တော်များခွါထည့်ထားပါတယ်။
အားလုံးရောမွှေလိုက်ရင်သံပုရာသီးသနပ်ရပါပြီ။ ပုလင်းဗူးသန့်သန့်နဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားရင်ကြာရှည်အထားခံပါတယ်။
သံပုရာသီးအမှည့်ကိုလုပ်ရင်အရောင်ပိုလှတယ်။စားရတာတော့အတူတူပါပဲ။
သရက်သီးကိုလည်းဒီနည်အတိုင်းလုပ်လို့ရပါတယ်။ဒီမှာတော့သရက်သီးကအကင်းပဲရှိသေးတယ်။
သနပ်လုပ်လို့မရသေးဘူး။

ဆိတ်သားလုံးကြော်ဖို့အတွက်ဆိတ်သားတွေကိုသံပုရာသီးနဲ့နယ်ပြီးရေစင်စင်ဆေးပါတယ်။
food processorထဲမှာဆိတ်သား၂ပေါင်၊ဂျင်းလက်လေးသစ်လောက်၊ကြက်သွန်ဖြူ၁၀တက်၊
ဇီယာမှုန့် ထမင်းစားဇွန်း၁ဇွန်း ဆား၊ဆနွင်း အားလုံးရောပြီးညက်အောင်ကြိတ်ပါတယ်။
ညက်ပြီးသမသွားရင်အရွယ်တော်အလုံးလေးတွေလုံးပြီးအိုးထဲမှာမကပ်အောင် ဆီလေးနဲနဲ ရေလေးနဲနဲထည့်ပြီးရေခမ်းအောင်မီးအေးအေးနဲ့ထားပါတယ်။ရေခမ်းသွားပြီဆိုမှဆယ်ပြီး ဆီများများထဲမှာကြော်ပါတယ်။ဆိတ်သားလုံးကြော်မွှေးမွှေးလေးရပါပြီ။
သံပုရာသီးသနပ်နဲ့ စားလို့လိုက်ပါတယ်။ထမင်းဗူးထည့်ရတာလည်းအဆင်ပြေပါတယ်။

12 comments:

  1. ဆိတ်သားလုံးကြော် ကျွေးပါလား
    စားချင်၏ ရှလွတ် :)

    ReplyDelete
  2. ဘေဘီရေစားသွားပါ။အကုန်လုံးကျွေးပါတယ်။

    ReplyDelete
  3. ဆိတ်သားလုံးကြော် မြင်ရ၀ူး...ဟီးးး စတာ
    သံပုရာသီးသနပ်ရောဆိတ်သားရော..ကြိုက်၏

    ReplyDelete
  4. ကူးကူးရေ ဓါတ်ပုံမရိုက်တတ်ဘူးရယ်။

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)February 16, 2011 at 12:44 AM

    အပါး သံပုရာသီး သနပ် ဆိုပါလား
    မြင်ရတာ စားချင်စရာ
    အမှောင်ကမ္ဘာထဲက ဆိတ်သားလုံးကတော့ ကြည့်ရုံကြည့်သွားတယ် ကောင်းကောင်းမမြင်ရလို့ ဟိဟိ
    အီကြာကွေးအကြောင်းမေးထားလို့ စီဘောက်မှာ ပြန်ဖြေထားသေးတယ်နော်
    အီကြာကွေးကို တရုတ်လို ယို့ထျောင် ( You Tiao (油条) ) လို့ခေါ်ပါတယ်တဲ့ သူများကိုမေးထားတာလေ။ လုပ်နည်းက ဒီမှာ http://jthorge.blogspot.com/2007/11/you-tiao-hong-kong-style.html
    http://chinesefood.about.com/library/weekly/aa100499.htm
    အဆင်ပြေပါစေနော်

    ReplyDelete
  6. အဲဒီလိုဟာတွေ ငတ်နေတာ ကြာပေါ့။
    မြင်ရရင် မချိဘူး ၊ တတောက်တောက်ပဲ သွားရည်တွေ။

    *** အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ. . .ဟီး ***

    ReplyDelete
  7. သံပုရာသီးသနပ်ကိုကြည့်ပြီး သွားကျိန်းလာတယ်.. ဟိဟိ

    ReplyDelete
  8. ကိုဇော်ရေအဲလိုမှကိုယ့်ဟာကိုယ်မလုပ်ရင်မစားရဘူးလေ။
    ဒီလိုပဲကြံဖန်လုပ်စားရတာ။
    မြန်မာပြည်နဲ့လည်းဝေးတော့မှာစားဖို့လည်းမလွယ်ဘူး။

    ဆန်းနီရေသံပုရာသီးသနပ်ကထမင်းမြိန်တယ်၊သိပ်မချဉ်ပါဘူး။

    ReplyDelete
  9. ဆိတ်သားလုံးကြော်ပုံလေးက မမြင်ရပေမယ့် သွားရည်တကယ်ကျစေတယ်.း)
    ဆိတ်ရိုးစွပ်ပြုတ်လုပ်တဲ့နည်းလေးများ မသိဘူးလားဗျ.
    ပြောရင်းက ဗိုက်တကယ်ဆာလာပြီဗျာ. ဟတ်ဟတ်.

    Y.

    ReplyDelete
  10. ဟင် ဒီပို့ စ်လေး ဖတ်မိတာ နောက်ကျသွားလို့  သံပုရာသီးတွေ ၉လုံးလောက် အမှဲ့ လွန်ပြီး လွှင့်ပစ်လိုက်ရတာ နှမျှောလိုက်တာ
    ခုတော့သိပြီး စမ်းကြည့်အုန်းမယ် ကျေးဇူးပါနော်

    ReplyDelete
  11. သံပုရာသီးသနပ်လုပ်ပုံလေးလေ့လာသွားတယ် အစ်မရေ။ အိမ်က စာရေးဆရာက သရက်သီးသနပ်တော့ သိပ်ကြိုက်တာ။ နေ့တိုင်းနီးပါးစားတယ်။ တစ်ခါမှတော့ ကိုယ်တိုင်မလုပ်ဖူးဘူး။ သူဇာမြိုင်သရက်သီးသနပ်ဗူးတွေပဲ ၀ယ်ထားပေးလိုက်တာပဲ။ တစ်ခါလောက်တော့ ကိုယ်တိုင်လုပ်ကျွေးကြည့်ရဦးမယ်။

    ReplyDelete
  12. ကြက်သွန်ဖြူက အစိမ်းတိုင်းပဲထည့်ရတာလားဟင်။

    ReplyDelete