Monday, August 29, 2011

ကောင်းမှုကုသိုလ်များကိုရေစက်ချအမျှပေးဝေခြင်း






၀၁၁ ခုနှစ် ၊ ဇူလှိုင်လ ၊ ၄ရက် တနလာင်္နေ့က ဘဝတစ်ပါးသို့ကူးပြောင်းသွားသော ငွေစန္ဒာအတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး တရားနာ ၊ ရေစက်ချ အမျှဝေပွဲ အခမ်းအနားကို ဇူလှိုင်လ ၊ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

တစ်ဖန် လလည် ဆွမ်းကျွေး တရားနာ ၊  ရေစက်ချအမျှဝေပွဲ အခမ်းအနားများကို ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၊ ၁၃ ရက်နေ့ နှင့် သြဂုတ်လ ၊ ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

တစ်ဆက်တည်း မွေးသမိခင်ကျေးဇူးရှင် ၏ ကြွင်းကျန်ရစ်သော အရိုးပြာကို သား ၊ သမီးတို့က ဝန်ချတောင်းပန်ကန်တော့ကြပါသည်။

ဆက်လက်၍  ငွေစန္ဒာ၏ အရိုးပြာကို ကျန်ရစ်သူမိသားစုက မိတ်ဆွေသင်္ဂဟ အပေါင်းတို့နှင့်အတူ ပင်လယ်ပြင်သို့ သွားရောက်၍ ကြဲပက်ခဲ့ကြပါသည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲပါကြောင်း ပြောကြားကာ အကြံဉာဏ်ပေး ၊ အားပေး ၊ ဆုတောင်း ၊ အမျှဝေပေးမှုများ ပြုခဲ့ကြသော ဘလော့ဂါ မောင်နှမ အပေါင်းတို့အား ထပ်မံ၍ လှိုက်လှဲစွာ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

 

ကျန်ရစ်သူ မိသားစု



10 comments:

  1. ငွေစန္ဒာဘလော့ဂ်ဂါလေး ရောက်ရာဘုံဘဝမှာ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပြီး ချမ်းသာသုခနဲ့ပြည့်ဝကာ ပြုပြုခဲ့သမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကြောင့် တရားထူးတရားမြတ်များရရှိကာ နိဗ္ဗာန်မြတ်ဖိုလ်ကို ရက်တိုတိုနဲ့အရောက်လှမ်းနိုင်ပါစေသား။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မမ ငွေစန္ဒာ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းရင်း ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို အမျှပေးပါတယ်။ အခုလိုမျှဝေပေးတဲ့မိသားစုကိုလဲ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ဘဝတွေကလည်း ဒီလိုနဲ့ ပြီးသွားတယ်နော် တရားကျစရာဘဲ

    ReplyDelete
  4. ကျမ လာလည်ပါတယ်...
    ကျန်ရစ်သူ မိသားစု ဘယ်လိုခံစားရမလည်း ကိုယ်ချင်းစာလို့ရပါတယ်ရှင်။
    ဘလောဂ်ဖတ်သူတွေတွက်.. ခုလို တင်ပေးနေတာကိုလည်း ကျေးဇူးတင်မိပါတယ်ရှင်။

    ReplyDelete
  5. ပုံတွေကြည့်ပြီး ဝမ်းနည်းမိတယ်
    မငွေစန္ဒာ ကောင်းရာ မွန်ရာ ရောက်ပါစေရှင်

    ReplyDelete
  6. အမကောင်းရာ သုဂတိလားပါစေရှင်

    ReplyDelete
  7. ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိပါသည်။
    မငွေစန္ဒာ ကောင်းရာ မွန်ရာ ရောက်ပါစေရှင်

    From Dubai

    ReplyDelete
  8. ကျန်ရစ်သူမိသားစု နဲ့ ထပ်တူ ခံစားရပါတယ်။
    အိုင်အိုရာ

    ReplyDelete
  9. ကျန်ရစ်သူ မိသားစုဝင်များလဲ တရားနှလုံးသွင်း၍ စိတ်ငြိမ်းချမ်းစွာ ဘဝခရီး လျှောက်လှမ်းနိုင်ကြပါစေ။
    ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းဒုက္ခအတွက် စာနာမိပါတယ်

    ReplyDelete
  10. ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။
    ကောင်းမွန်ရာဘုံဘ၀သို့ ရောက်ပါစေ...။

    ReplyDelete