Monday, July 18, 2011
ကျေးဇူးအထူးတင်ရှိပါသည်
ငွေစန္ဒာသည် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါကြောင်း ဝမ်းနည်းစွာအသိပေးပြီးနောက်မိတ်ကောင်းဆွေကောင်း များဖြစ်ကြသည့်ဘလော့ဂါမောင်နှမများ၏ အားပေးနှစ်သိမ့် ၊ ဆုတောင်း ၊ အမျှဝေပေးမှုများကိုတုန့်ပြန်ရရှိသည့် အတွက် ကျန်ရစ်သူ မိသားစုဝင်များအားငယ်နေချိန်တွင်များစွာအားတက်ရပါသည်။
ထိုသို့သတင်းစကားများပေးပို့ကြသောညီအစ်ကိုမောင်နှမများကိုကျန်ရစ်သူမိသားစုမှလှိုက်လှိုက်လှဲလှဲ
ကျေးဇူးဥပကာရ တင်ရှိပါသည်။
အစ်မကိုမမြင်ဖူး၍ဓာတ်ပုံတင်ပေးပါရန်အကြံပေးသောညီမတစ်ဦး၏တိုက်တွန်းချက်အရ ငွေစန္ဒာ၏ သရဏဂုံတင်အခမ်းအနားတွင်ဖြန့်ဝေခဲ့သော Programme Flyer ကိုဖော်ပြလိုက်ပါသည်။
ကျန်ရစ်သူ မိသားစု
13 comments:
  1. အခုလိုပုံလေးတင်ပေးတာကျေးဇူးတင်ပါတယ်.. အမငွေစန္ဒာကို တစ်ခါမှ မမြင်ဖူးဘူး...
    အမကောင်းရာသုကတိလားပါစေ...း(((
    မိသားစုနှင့်အတူထပ်ထူဝမ်းနည်းကြောင်းပြောပါရစေ...
    ReplyDelete
  2. ပုံလေးမြင်ခွင့်ရတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်ရှင်။
    မိသားစုနဲ့ ထပ်တူကြေကွဲမိပါတယ်။ စာနဲ့ ရင်းနှီးနေလို့ သတင်းကြားပြီးနောက်နေ့ တွေမှာလည်းဝမ်းနည်းစွာနဲ့ သတိရနေမိပါတယ်။
    အိုင်အိုရာ
    ReplyDelete
  3. ပုံလေးမြင်ခွင့်ရတာ ကျေးဇူးတင်ပါတယ်။ အစ်မကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းရင်း မိသားစုနဲ့ ထပ်တူကြေကွဲရပါတယ် :(
    ReplyDelete
  4. ရုပ်မမြင်ရဘဲတောင် မငွေစန္ဒာဆုံးတယ်ဆိုတာ သိရတော့ စိတ်မကောင်းဖြစ်မိတာ ခုလို ရုပ်ကိုမြင်ရတော့ ပိုပြီးစိတ်မကောင်းဖြစ်မိပါတယ်။ ကောင်းရာမွန်ရာ ဘုံဘ၀မှာ ငြိမ်းချမ်းစွာရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်။
    ReplyDelete
  5. မြင်တွေ့ခွှုင့်ရတာဝမ်းသာပေမဲ့ အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ မိသားစုအနေနဲ့ရော မငွေစန္ဒာအတွက်ရော ယူကြုံးမရဖြစ်ရပါတယ်။ အေးချမ်းသောနေရာရောက်ရှိပါစေလို့ လေးနက်စွာဆုတောင်းပေးပါတယ်။ ကောင်းရာမွန်ရာရောက်ပါစေ။ ပြုခဲ့သမျှကုသိုလ်ကိုလည်းအမျှပေးပေးဝေပါတယ်။ အမျှ အမျှ အမျှ.
    ReplyDelete
  6. ပြုပြုခဲ့သမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် မစုစုစန္ဒာအေး ရောက်ရာဘုံဘဝမှာ သာဓုခေါ်နိုင်ပါစေ။
    အမျှ အမျှ အမျှ ပေးဝေပါတယ်။
    ReplyDelete
  7. ငယ်ငယ်လေး ရှိသေးတာပဲ။ ကျန်ရစ်သူ မိသားစု ဘယ်လိုခံစားရမယ်ဆိုတာ စာနာနားလည်မိပါတယ်။ ခင်ပွန်းဖြစ်တဲ့ အစ်ကိုလဲ တရားနဲ့ ဖြေသိမ့်ပြီး ဘဝခရီးကို ကောင်းမှုကုသိုလ်များနဲ့ ကျန်းမာချမ်းသာစွာ ဆက်လျှောက်လှမ်းနိုင်ပါစေ။
    ပူဆွေးသောက ရောက်နေမယ်ဆိုတာ နားလည်ပေမယ့် သမီးငယ်လေးတာဝန်လဲ အစ်ကိုတစ်ဦးတည်းအပေါ် ပုံကျလာပြီမို့ ကြံ့ခိုင်တဲ့ ဖခင်တစ်ယောက်အဖြစ် သမီးလေးရှေ့မှာ အမြဲ ရွှင်လန်းတက်ကြွနေနိုင်ပါစေ။
    ReplyDelete
  8. အမရဲ့ ပုံလေးမြင်ရတော့ ၀မ်းနည်းလိုက်တာ
    အမကောင်းရာ ဘုံဘ၀ကိုေ၇ာက်ပါစေ။ မိသားစုနဲ့ထပ်တူ ၀မ်းနည်းမိတယ်
    ပုံလေးတင်ပေးတဲ့ အတွက်ကျေးဇူးပါနော်။ ကျမစီပုံးမှာ ဘေဘီရေ
    ဘေဘီက အရမ်းတော်တာပဲနော်လို့ ရေးထားတာမတွေ့ရတော့ပေမယ့်
    အမကို အမြဲတမ်းအောက်မေ့နေမှာပါအမရယ်း(
    ReplyDelete
  9. ဓါတ်ပုံတင်ပေးတာကျေးဇူးတင်ပါတယ်။
    ပိုဝမ်းနည်းမိတယ် တခါတခါစီဘောက်စ်မှာ သူလာနှုတ်ဆက်တတ်တယ် ဆိုတာကို သတိရမိတယ်။
    ReplyDelete
  10. ထူးထူးJuly 19, 2011 at 4:44 AM
    ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရပါတယ်.. သွားလေသူရော ကျန်ခဲ့တဲ့ မိသားစုအတွက်ပါ ခံစားမိပါတယ်..
    ကောင်းရာဘုံဘ၀ရောက်ပါစေ.....
    ReplyDelete
  11. I am so saddened to hear her news. My thoughts are with the family. She set the best example not only for her family but also for others how to go through such hard time by doing best for her and her family. I am sure she is now in a good life because of her good deeds and will practice more viapssana and finally acheive nivana.
    ReplyDelete
  12. ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိပါသည်။
    ReplyDelete
  13. personally မသိခဲ့ မခင်ခဲ့ကြပေမယ့် ဓာတ်ပုံမြင်တော့ မျက်ရည်ဝဲမိပါတယ်။
    ကောင်းရာသုဂတိလားပါစေ..
    ReplyDelete