Friday, November 19, 2010

သူမနဲ့ကင်ဆာရောဂါ

ခုတလောအသိတွေထဲမှာကင်ဆာရောဂါဖြစ်ကြတဲ့လူတွေအကြောင်းကြားနေရတယ်။
ဘလော့ဂါကိုကြီးကျောက်ရောပေါ့။ကင်ဆာမှမဟုတ်ပါဘူး၊ရောဂါဖြစ်လာရင်ကာယကံ
ရှင်ရောမိသားစုအသိုင်းအဝိုင်းရောစိတ်ဆင်းရဲစိတ်မကောင်းဖြစ်ကြရတာပဲ။မချစ်ကြည်
အေးပြောသလိုဆွေမျိုးအရင်းကြီး ဖြစ်နေရင်ဖြင့် ပိုတောင် စိတ်မကောင်း ဖြစ်ကြရပြီ။
ဝမ်းနည်းကြရပြီ။ ကင်ဆာဆိုတဲ့အသံကြားရင်ကိုသေမိန့်ချခံရတဲ့လူလိုစိတ်လျော့စိတ်
ဓါတ်ကျကုန်ကြတာ။အိုနာသေဆိုတာကိုဘယ်သူမှမလွန်ဆန်နိုင်ကြပေမဲ့၊အားလုံးကိုတော့
ကိုယ်ကျန်းမာစိတ်ချမ်းသာစေချင်တာပါဘဲ။
ဒီနေ့ mmdailynews မှာကင်ဆာရောဂါ ခံစားနေရသည့် ရဲရင့်သော မိခင်တစ်ဦး၏အကြောင်း ကိုဖတ်လိုက်ရတယ်။ကာယကံရှင်ရောကျန်တဲ့မိသားစုအတွက်ပါစိတ်မကောင်းဖြစ်မိတယ်။ အဲ့ဒါနဲ့ပဲကျမသိတဲ့ကင်ဆာရောဂါ ခံစားနေရသည့်သူမအကြောင်းကိုရေးချင်လာတယ်။ သူမအမျိုးသားကဆရာဝန်တယောက်ပါ။သူမမှာသား၂ယောက်နဲ့သမီးလေး၁ယောက်ရှိတယ်။
သူမဟာရင်သားကင်ဆာကိုခံစားခဲ့ရတယ်။ဆရာဝန်နဲ့မှန်မှန်ပြဆေးသောက်၊စစ်ဆေးမှုတွေကို
ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာခဲ့တယ်။တနေ့ဆရာဝန်ကသူမကိုစမ်းသပ်စစ်ဆေးပြီး၊
သောက်နေတဲ့ဆေးကိုရပ်လို့ရပြီလို့ပြောတာနဲ့ဆေးကိုရပ်လိုက်တယ်။ဆေးမသောက်ရတော့ဘူး
ဆိုတော့သူမလည်းပျော်သွားတာပေါ့။ ရောဂါဖြစ်လို့သာဆေးသောက်နေရတာသူမကဆေး
ကြောက်တယ်။
အဲဒီလိုနဲ့နေရင်း၃လလောက်နေတော့သူမချောင်းဆိုးလာတယ်။သူ့အမျိုးသားက
ပဋိဇီဝဆေး တွေပေးပေမဲ့မသက်သာခဲ့ဘူး။မိတ်ဆွေဆရာဝန်တွေနဲ့တိုင်ပင်ပြီး
ဓါတ်မှန်ရိုက်ကြည့်တော့ အဆုပ်မှာကင်ဆာဆဲတွေရှိနေတာသိလိုက်ရတယ်။
သူမလည်းအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။
သူမအမျိုးသားက လည်းဆေးရုံမှာလုပ်နေတာဆိုတော့ချက်ချင်း သက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြီး၊ကီမို၆ကြိမ်သွင်းရတယ်။
ပြင်းထန်ဆိုးရွားတဲ့ကီမိုရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ဒဏ်ကိုခံရတယ်။
ကင်ဆာရောဂါဝေဒနာသည်တွေဟာသနားဖို့သိပ်ကောင်းတယ်။
သူတို့ရောဂါရဲ့ဒဏ်အပြင်၊ဆေးရဲ့ဒဏ်ကိုပါခံစားကြရတယ်။သူမဆံပင်တွေအကုန်ကျွတ်ကုန်
တယ်။
ပါးစပ်တွေပျက်ပြီးဘာစားစားအရသာမရှိ၊စားချင်စိတ်မရှိဖြစ်တယ်။အလိုလိုနေရင်းမူးနေမောနေ
တယ်။
ဆေးဒဏ်တွေကိုကြောက်နေပေမဲ့၊သူမပြောတာကသူမမိသားစုအတွက်၊သူမကလေးတွေအတွက်၊
အထူးသဖြင့်သူမရဲ့သမီးလေးအတွက်သူမအသက်ရှင်ချင်တယ်။
၆ကြိမ်သွင်းပြီးဆရာဝန်ကပြန်စစ်ဆေးတော့
သူမရဲ့အဆုပ်မှာရှိတဲ့ကင်ဆာဆဲတွေဆက်ပွါးတာမတွေ့ရဘူးဆိုပြီး၊
ဒုတိယကီမို၆ကြိမ်ထပ်ပေးတယ်။     သူမအားတင်းပြီးခံယူတယ်။နိုင်ငံရပ်ခြားမှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ၊ကလေးတွေကလည်းဘာမှမလုပ်တတ်အမျိုးသားကလည်းအလုပ်သွားရနဲ့ သူမနေမကောင်းမလှုပ်နိုင်နေပေမဲ့၊နဲနဲနေသာတာနဲ့မီးဖိုထဲမှာသူမမိသားစုစားဖို့၊သူမအမျိုးသား
ထမင်းဗူးထည့်ဖို့ချက်ပြုတ်နေတာ။လူနာလာမေးတဲ့မိတ်ဆွေတွေကိုတောင်သူမကိုယ်
တိုင်ချက်ထားတဲ့မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ကြာဆံဟင်းခါးတခုမဟုတ်တခုနဲ့ဧည့်ခံလိုက်သေးတယ်။
အဓိက ကတော့သူမစိတ်ဓါတ်ကျမနေဘူး၊ညည်းညူမနေဘူး။မိတ်ဆွေတွေကသူမကိုချက်ပြုပ်
ပေးဖို့ထက်၊သူမနေသာရင်လုပ်ထားတတ်တဲ့သံပုရာသီးသနပ်၊သရက်သီးသနပ်၊မုန်ညင်းချဉ်
တခုမဟုတ်တခုသူမကလက်ဆောင်ပြန်ပေးတတ်သေးရဲ့။သိပ်နာကျဉ်ခံစားနေရရင်သာ
မျက်နှာလေးညိုအသံမထွက်တော့ပေမဲ့၊နဲနဲသက်သာတာနဲ့ထပြီးတလှုပ်လှုပ်လုပ်နေတာပဲ။
သူမကအွန်လိုင်းကနေဝိပဿနာတရားတော်တွေကိုလည်းနာယူတယ်။တရားစာအုပ်တွေလည်း
ဖတ်တယ်။
သူမရဲ့စိတ်ကိုအေးချမ်းအောင်ဝိပဿနာ တရားကိုတတ်နိုင်သရွေ့ပွါးများနေတတ်တယ်။
ဒုတိယကီမို၆ကြိမ်သွင်းပြီးဆေးပြန်စစ်တော့၊သူမရဲ့ရောဂါဟာသက်သာမလာတဲ့အပြင်
အသည်းနဲ့အရိုးကိုပါပျံ့နေတာတွေ့လိုက်ရတယ်။ဆရာဝန်ကသူမကိုမေးတယ်။ကီမိုနောက်
တမျိုးပြောင်းပြီးထပ်ပေးချင်တယ်။လက်ခံမလားပေါ့။ဒီလိုဆုံးဖြတ်တာလည်းသူ့အတွက်
ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆရာဝန်ကသူမကိုပြောတယ်။သူမကတတိယကီမို၆ကြိမ်
ထပ်သွင်းဖို့လက်ခံလိုက်တယ်။သူမရဲ့ဆန္ဒကမြန်မာပြည်ပြန်ပြီး ရိပ်သာတခုခုမှာတရားအားထုတ်
ချင်တယ်။ဆေးကုသမှုကလည်းမပြီးသေးဖြစ်နေတော့၊အွန်လိုင်းကနေပဲဆရာတော်တွေရဲ့တရား
တွေနာယူ၊တရားစာအုပ်တွေဖတ်နဲ့ဝိပဿနာဘာဝနာကိုအားထုတ်ပွါးများတယ်။ပရိတ်တော်၊
ပဋ္ဌာန်းတော်တွေလည်းမြတ်စွာဘုရားကိုပူဇော်တယ်။မိတ်ဆွေတွေမိသားစုတွေလည်းသူမအတွက်
စိတ်မကောင်းကြဘူး။
ဒီကီမိုရဲ့ဘေးထွက်ဆိုးကျိုးကလည်းပိုဆိုးတယ်။ဆေးသွင်းပြီးရင်သူမတကိုယ်လုံး
နာကျဉ်ကိုက်ခဲနေတယ်။ပါးစပ်တခုလုံးလည်းထုံးပေါက်ထားသလိုဖြစ်ပြီးဘာစားစားအရသာမရှိဘူး
ပြောတယ်။သို့ပေမဲ့သူမကြိုးစားပြီးဝင်အောင်စားတယ်။အဓိက ကသူမစိတ်ဓါတ်ကျမနေဘူး။
ကင်ဆာရောဂါကိုကြိုးစားပြီခုခံနေတယ်။ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းလိုက်နာပြီးကုသမှု့ကိုခံယူတယ်။
ပြီးတော့ဝိပဿနာတရားကို သူမအထူးကြိုးစားအားထုတ်တယ်။မထိုင်နိုင်ရင် အိပ်ရာထက်မှာလှဲပြီးတရားတော်တွေနာယူတယ်၊တရားစာအုပ်တွေဖတ်တယ်၊တရားအမှတ်နဲ့နေတယ်။
ဘယ်လောက်ပဲနာကျင်ကိုက်ခဲနေပါစေ၊သူမအကိုက်အခဲပျောက်ဆေးတွေမစားပဲ တရားအမှတ်နဲ့
သာနေတာတွေ့ရတယ်။သူမလက်ဖဝါးခြေဖဝါးတွေမှာသွေးခြေတွေဥပြီးရောင်နေတယ်၊မတ်တတ်မရပ်နိုင်ဘူး၊
ထမင်းစားဖို့ဇွန်းတောင်မကိုင်နိုင်ဘူး၊လျှာတွေရောသွားတွေရောနာနေလို့စကားကိုအသံထွက် အောင်တောင်မပြောနိုင်ဘူး၊အဲဒီလိုအခြေအနေမှာတောင်သူမအကိုက်အခဲပျောက်ဆေးမသောက်ပဲ တရားအမှတ်နဲ့ပဲနေပါတယ်။
တနှစ်အတွင်းမှာသူမကီမိုအမျိုးအစားသုံးမျိုးကိုခြောက်ကြိမ်စီ၊ဆယ့်ရှစ်ကြိမ်သွင်းရပါတယ်။
ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း သူမတော်တော်ခံရတယ်။
ကင်ဆာရောဂါဆိုင်ရာအထူးကုဆရာဝန်ကြီးရဲ့ကုသပေးမှု့၊သူမရဲ့စိတ်ဓါတ်ခိုင်မာမှု့၊ဘုရားတရား
တော်တွေပွါးများအားထုတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေကြောင့်သူမရဲ့အဆုပ်နဲ့အသည်းမှာ
ကင်ဆာနဲ့ပတ်သက်လို့ဘာမှမတွေ့ရတော့ဘူး။
သူမကိုကုသပေးနေတဲ့ဆရာဝန်တွေရောသူမရဲ့မိတ်ဆွေတွေရောအားလုံးအံ့ဩဝမ်းသာ
နေကြတယ်။
သူမကပြောတယ်သူမအခုလိုမယုံနိုင်စရာပြန်ကောင်းလာတာဟာဝိပဿနာတရားတော်ရဲ့
တန်ခိုးတော်ကြောင့်ဖြစ်တယ်။
လူတိုင်းဝိပဿနာတရားကိုပွါးများအားထုတ်သင့်ပါတယ်ဆိုပြီး သူမကမိတ်ဆွေတွေကိုတိုက်တွန်းနေပါတယ်။
ဒီစာလေးကိုဖတ်မိတဲ့မိတ်ဆွေတွေလည်းသူမရဲ့စိတ်ဓါတ် ဇွဲလေးကိုအတုယူပြီး
သူမတိုက်တွန်းသလိုဝိပဿနာတရားများအားထုတ်ပွါးများကြပြီးတရားထူးတရားမြတ်များ
ရရှိကြပါစေ။
သူမလည်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့သူမတန်ဖိုးထားတဲ့မိသားစုလေးနဲ့အသက်ရှည်စွာနေ
ထိုင်နိုင်ပါစေလို့ဆုတောင်းပေးကြပါနော်။











11 comments:

  1. စိတ်စွမ်းအင်ဟာ အင်မတန် အေ၇းကြီးပါတယ်..ဖြစ်လာတာကိုကြောက်လန့်နေဖို့ထက် ဘယ်လို ရင်ဆိုင်ခုခံနိုင်မလဲက အဓိကကျတယ်..
    ဝိပဿနာဟာ အကောင်းဆုံးသော နည်းလမ်းတခု မို့ ကိုကြီးကျောက်တော့ အဲဒါကို အလေးထားတယ်

    ReplyDelete
  2. ညီမ ရဲ့ မျှဝေမှု့လေး ဖတ်ရတာ ကျေးဇူးပါ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  3. ငွေစန္ဒာNovember 20, 2010 at 8:30 AM

    ဟုတ်ပါတယ်ကိုကြီးကျောက်ရေ ဝိပဿနာကိုအထူးအားထုတ်ပါ။
    မရွှေစင်ရေ လာလည်တာကျးဇူးပါနော်။

    ReplyDelete
  4. အရမ်း တန်ဖိုးရှိတဲ့ ပို့စ်လေးပါ
    မျှဝေပေးတာ ကျေးဇူးနော်

    ReplyDelete
  5. စိတ်ဓါတ်ခိုင်ခိုင်ထားပြီး ကြိုးစားပါလို့  သတင်းပါးပေးပါ။

    ReplyDelete
  6. ညီမရေ....အမလည်း အိမ်ကလူကို ပြောထားတယ် ကင်ဆာများဖြစ်ရင် ကုမနေနဲ့တော့လို့ ၊ တရားနဲ့ပဲ သေမယ် အဲဒီ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားနိုင်ဘူး၊ စိတ်ဓါတ် ကြံ့ခိုင်ဖို့ အရေးကြီးဆုံးပဲ ညီမရေ...

    ReplyDelete
  7. လူတွေမှာ အဓိက မောင်းနှင်အားက စိတ်ပါဘဲနော်..
    စဉ်းစားမိတယ်.. ကိုယ်တွေမှာလည်း ခုလို ကင်ဆာဆိုတာများသိရင်
    ကိုကြီးကျောက်တို့လို ကြံ့ကြံ့ခံနိုင်ပါ့မလား၊ ခုလို စိတ်မျိုးထားနိုင်ပါ့မလား မသိဘူး။
    အားပေးတဲ့ ဒီပိုစ့်လေးအတွက် ကျေးဇူးပါ။

    ReplyDelete
  8. ငွေစန္ဒာNovember 21, 2010 at 6:42 PM

    baby taster လာလည်တာကျေးဇူးနော်။
    မရှင်လေးရေ သတင်းပါးပေး လိုက်ပါတယ်နော်။
    မချစ်ကြည်နဲ့မချောရေ စိတ်ဓါတ်ကြံ့ခိုင်ဖို့ တကယ်အရေးကြီးပါတယ်။

    ReplyDelete
  9. ဘာရောဂါမဆို လူနာရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုက အရေးကြီးပါတယ်။ ကင်ဆာ ဆို ပိုဆိုးတာပေါ့။ ဝိပဿနာ တရား တန်ခိုးကတော့ အံ့မခန်းပဲနော်။

    ReplyDelete
  10. ဒီပို.စ်လေးဖတ်ရတော. စိတ်ရဲ.စွမ်းအားကို သိရပါတယ်. ကျေးဇူးတင်ပါတယ် သူမလည်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့သူမတန်ဖိုးထားတဲ့မိသားစုလေးနဲ့အသက်ရှည်စွာနေထိုင်နိုင်ပါစေ

    ReplyDelete
  11. အဲဒီသူမ ဆိုတာ ငွေစန္ဒာ ကိုယ်တိုင်ဆိုတာ မလေး ခုမှ သိရပါတယ် ငွေစန္ဒာ.. အရမ်း စိတ်မကောင်းပါဘူး.. ကျန်ခဲ့သူ သမီးလေးကော .. ငွေစန္ဒာချစ်ခင်ပွန်းကော.. ဘယ်လိုနေလိမ့်မလည်း....

    ReplyDelete