Thursday, July 5, 2012

ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ


(ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၄ .၇.၂၀၁၂ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ငွေစန္ဒာအတွက် ဂုဏ်ပြုဆောင်းပါးကိုဖော်ပြလိုက်ပါသည်။) 

ငွေစန္ဒာ အ ကြောင်းကိုစိတ်ထဲမှာရေးမိနေတာကြာပြီဖြစ်ပါတယ်။ လက်တွေ့အားဖြင့် တော်တော်နဲ့မ ရေးဖြစ်ခဲ့ပါ။ 'ကိုယ့်ကိုကိုယ်ဖော်၊ မသူတော်' ဖြစ်မှာစိုး၍ ရေးရမှာလက်တွန့်နေခဲ့ပါတယ်။ မည်သို့ဆိုစေ တစ်နှစ်ပြည့်အစီအစဉ်အဖြစ် ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် မျှဝေလိုက်ပါတယ်။

 ငွေစန္ဒာကိုယ်တိုင် ၂၀၁၀ခုနှစ်၊ နိုဝင် ဘာလ၊ ၁၉ - ရက်နေ့က ရေးသားဖော်ပြခဲ့တဲ့ 'သူမနဲ့ကင် ဆာရောဂါ' ဆောင်းပါးအဆက်လို့လဲပြောလို့ရပါတယ်။ ငွေစန္ဒာရဲ့ ဆောင်းပါးထဲမှာတင်ပြထားသလို သူမဟာ ဝီပဿနာတရားကိုတတ်နိုင် သ ရွေ့ပွားများခဲ့ပါတော့တယ်။ ထိုသို့ စတင် ပွားများမှုမပြုခင် တရားကိုဘယ်လိုမှတ် ရမလဲလို့ ခင် ပွန်းဖြစ်သူ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လဲ မိုးကုတ်ဝိပဿနာ တရားတွေကို နာကြားခဲ့ ၊ အချိန်ပိုင်းတရားထိုင် ခဲ့တဲ့အ တွေ့အကြုံ ၊ မြန်မာပြည်မှာ နေခဲ့စဉ်က ရိပ်သာ နှစ်ခုမှာ ရက်ပိုင်းဝင်ပြီး တရားအားထုတ်ခဲ့တဲ့အ တွေ့အကြုံကိုအ ခြေခံပြီး ရှင်းပြခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်  ကျွန်တော်ကစာတွေ့ကိုအ ခြေခံပြီး ရှင်းပြခဲ့တာပါ။

 ငွေစန္ဒာရေးသားခဲ့သလို သူမဟာအွန်လိုင်းက နေ ဆရာတော်ပေါင်းစုံရဲ့ ဝိပဿနာတရားတော်တွေကို နာယူပါတယ်။ ဆရာတော်တွေရဲ့  ဝိပဿနာတရားစာအုပ်တွေကိုလဲဖတ်တယ်။ သူမဟာ ဘုရားစင်ရှေ့မှာထိုင်ပြီး တရားမမှတ်နိုင် ရှာဘူး။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အဆင်ပြေတဲ့နည်းနဲ့ဘဲ တရားရှုမှတ်တယ်။ ဆက်တီခုံမှာထိုင် ရင်းရှုမှတ်တာများတယ်။ နောက်ပိုင်းမှာ မိုးကုတ်ဆရာတော် ဦးဃောသိတရဲ့ ဝိပဿနာ တရားတွေကို အဖန်တလဲလဲ ကြားနာရင်း  မိုးကုတ်ဝိပဿနာ နည်းနဲ့ တရားရှုမှတ်ပါတယ်။
ညစာ စားချိန်မှာ သူမရဲ့တရားရှုမှတ်တဲ့အ တွေ့အကြုံတွေကို ကျွန်တော့်ကိုရှင်းပြတယ်။ 'ကာလေန ၊ ဓမ္မသာကစ္ဆ္ဆာ' ဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီ တရားဆွေးနွေးဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစပိုင်းမှာ ကျွန်တော်က ဆရာ ယောင်ယောင် လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်ကတပည့်ဖြစ်သွားပါတယ်။ ကျွန်တော်က စာတွေ့အရ အသိများသလို ရှိခဲ့ပေမယ့် လက်တွေ့ကျင့်ကြံ အားထုတ်မှုအပိုင်းမှာ သူမကများစွာသာလွန်ပြီးအ တော်အတန် ခရီးပေါက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
သာဓကအားဖြင့်  ငွေစန္ဒာတင်ပြခဲ့သလို ပြင်းထန်ဆိုးရွားတဲ့ ကီမိုရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် တစ်ကိုယ်လုံး အထူးသဖြင့် အဆစ်တွေ အလွန်နာပါတယ်။ယုတ်စွအဆုံး လျှာနဲ့သွားတွေတောင် နာပါတယ်။ ကျွန်တော်လဲ သူမအတွက် အားပြင်းတဲ့ မော်ဖိန်းလို အကိုက်အခဲ ပျောက်ဆေးနဲ့အတူ အခြား အကိုက်အခဲ ပျောက်ဆေး ၊ ထိုးဆေးမျိုးစုံဆောင် ထားပါတယ်။ ပထမပိုင်း ကီမိုသွင်းခါစမှာတော့ အကိုက်အခဲပျောက်ဆေးထိုးပေးရတာတို့ ၊  အကိုက်အခဲပျောက်ဆေး သောက်စေတာတို့လုပ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် မှာ ငွေစန္ဒာဟာ ဘာ အကိုက်အခဲ ပျောက်ဆေးကိုမှ အထိုးမခံတော့ပါဘူး။ ဘယ်အကိုက်အခဲ ပျောက်ဆေးကိုမှလဲမ သောက်တော့ပါဘူး။ သူမဟာ ရုပ်တရားနဲ့ နာမ်တရားကို ဉာဏ်နဲ့ခွဲခြားသိမြင်ပြီး ဝေဒနာရဲ့အပျက်ကို ရှုမှတ်ခြင်းအားဖြင့်  အကိုက်အခဲ ပျောက်ဆေး အလုံးစုံကိုပယ်လိုက်ပါတယ်။ 

ကျွန်တော့်မှာ Cervical Spondylosis ဆိုတဲ့လည်ပင်းနာရောဂါရှိတော့ အကိုက်အခဲ ပျောက်ဆေးမကြာ၊ မကြာသောက် ရတယ်။ တစ်ခါက ဆေးသောက်ပါလျက်နဲ့ မခံရပ်နိုင်အောင် လည်ပင်းနာလာတော့ ဇနီးသည်က ကျွန်တော့်ကို ဘုရားစင်ရှေ့မှာထိုင် ခိုင်းပြီး သူမ ပြောတဲ့ နည်းအတိုင်း ရှုမှတ်ခိုင်းပါတယ်။ ကျွန်တော်လဲ ဒီတော့မှ ရုပ်နဲ့နာမ်ကို ခွဲခြားသိမြင်နိုင် ခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာပဲ လည်ပင်းနာတဲ့ ဝေဒနာဟာယူပစ်သလို ပျောက်သွားပါတယ်။ နောက်ပိုင်းလဲ လည်ပင်းနာတာ သိပ်မခံစားရ တော့ပါ။  လည်ပင်းကိုထိန်းတဲ့ collar လည်းမတတ် ရ တော့ပါ။ ဒီအကျိုးတရားအတွက် ဇနီးကို အထူးကျေးဇူးတင် မိပါတယ်။ မြတ်စွာဘုရားရဲ့တရားဂုဏ်တော်အတိုင်း လက်တွေ့ ဒိဋ္ဌချက် ခြင်းအကျိုးပေးပါတယ်။


ဒါနဲ့ပဲ ကင် ဆာအထူးကု ဆရာဝန်ကြီးရဲ့ ကုသမှု အစီအစဉ်အရ တစ်နှစ်အတွင်းမှာ ကီမိုအမျိုးအစား တစ်မျိုးကို ခြောက်ကြိမ်စီနဲ့ သုံးမျိုး ဆယ့်ရှစ်ကြိမ် သွင်းပြီး မာကျောတဲ့ သူမရဲ့စိတ်ဓာတ်၊ ဝိပဿနာတရားပွားများအားထုတ်မှုရဲ့ အကျိုးကျေးဇူးတွေကြောင့် အဆုတ်နဲ့အသည်းမှာတင် မက ကျောရိုးမှာပါကင်ဆာနဲ့ ပတ်သက်လို့ဘာမှမ တွေ့ရ တော့ပါ။ ကျွန်တော်နဲ့မိသားစု၊ နှစ်ဘက်ဆွေမျိုးများ၊ သူမကိုကုသ ပေးနေတဲ့ ဆရာဝန်တွေနဲ့ မိတ်ဆွေတွေအားလုံး အံ့ဩဝမ်းသာကြတယ်။

ဆက်လက်ပြီး ကင် ဆာအထူးကု ဆရာဝန်ကြီးနဲ့ ပုံမှန်ပြ၊ ပုံမှန်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

လအနည်းငယ်အကြာ စီတီစကင်(န်) အဖြေအရ အဆုတ်နဲ့ ကျောရိုးမှာကင် ဆာဆဲ(လ်) ပြန်လည် ပြန့်နကြောင်း ဝမ်းနည်းစွာသိခဲ့ရပြန်ပါတယ်။ ကျွန်တော်နဲ့မိတ်ဆွေ ဆရာဝန်များကလည်း သူမကို အားပေးကြပါတယ်။ နိုင် ငံရပ်ခြား မှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ ပေမယ့် ဒီမှာရှိတဲ့ မြန်မာမိသားစုများက သူမရဲ့ သူမတူတဲ့ စေတနာ ကောင်းမှုကြောင့်လည်း ဆွေမျိုးရင်းချာပမာ နည်းမျိုးစုံနဲ့ အားပေးကူညီကြလို့ အထူးကျေးဇူးတင် ရပါတယ်။ ကာယကံရှင် ငွေစန္ဒာ ကိုယ်တိုင် ကလည်း စိတ်ဓာတ်လုံးဝမကျဘဲ ကြံ့ကြံ့ခံပြီး ဆက်လက် ဆေးကုသမှုခံယူဘို့ပြင် ဆင် ထားပါတယ်။

ဒါနဲ့ကျောရိုးကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ပြီးတော့ ကီမိုအမျိုးအစား နောက်ထပ် တစ်မျိုးနဲ့ သုံးကြိမ်ဆေးသွင်းကုသမှုကို ခံယူခဲ့ရပါတယ်။ စုစုပေါင်း ကီမိုအမျိုးအစား လေးမျိုးကို နှစ်ဆယ့်တစ်ကြိမ် သွင်းခဲ့ရတာပါ။ 

ဒီလိုကြံ့ကြံ့ခံ ဆေးကုသမှုခံယူနေတဲ့ ကြားထဲကဘဲ မခံမရပ်နိုင်အောင် ခေါင်းတွေထိုးကိုက်ပြီး အော့အန်လာလို့ ဦးနှောက်ကို စီတီစကင်(န်) ရိုက်ကြည့်တော့ ဦးနှောက်ကိုပါ ကင် ဆာဆဲလ်တွေ ပြန့်နကြောင်း ပို၍ဝမ်းနည်းဖွယ် ရာသိခဲ့ရပါတယ်။ ဒါနဲ့ပဲ ဦးနှောက်ကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ဆက်လက်ခံယူခဲ့ပါတယ်။

 ငွေစန္ဒာဟာဆိုးရွားပြင်းထန်တဲ့ကင် ဆာရောဂါခံစားခဲ့ရ ပေမယ့် လူနာလိုမ နေခဲ့ပါ။ မိသားစုကို ဒုက္ခမ ပေးပါ။ တတ်နိုင် သ ရွေ့ ကိုယ့်အားကိုယ်ကိုးပြီးတော့သာနေခဲ့ပါတယ်။ ကင် ဆာရောဂါ နောက်ဆုံးအဆင့် ရောက်လို့ ကိုယ်တိုင် လမ်းမ လျှောက်နိုင် မှဘဲ သူတစ်ပါးအကူအညီကို ယူခဲ့ပါတယ်။

ဒီလို ဝေဒနာပြင်းထန်စွာ ခံစားနေရ ပေမယ့် ငွေစန္ဒာရဲ့ မျက်နှာဟာဝေဒနာ ခံစားရတဲ့ အရိပ်အ ယောင် တစိုးတစိမျှ  မ တွေ့ရဘဲ တကယ့်ကို ကြည်လင် ဝင်းပ နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဒီအ ကြောင်းကို မြန်မာပြည်က သူမရဲ့ ဖခင် နဲ့ ညီအစ် မ တွေကို ဖုန်းဆက် ရင်းပြောတော့ သူမက ဒီလိုမ ပြောဘို့တားမြစ်ပါတယ်။ 

သူမရဲ့ မျက်နှာလေးဟာ ကြည်ကြည် င်လလင် ရွှင်ရွှင် ပျပျဘဲဆိုတော့ ကျွန်တော်တို့လဲ စိတ်ကြည်လင်အေးချမ်းမှု ကူးစက်ခံရပြီး စိတ်သက်သာမှုရခဲ့ပါတယ်။ ဒီနည်းအားဖြင့် ငွေစန္ဒာဟာ မိသားစုနဲ့ ပတ်ဝန်းကျင် ကိုအကျိုးပြု သွားပါတယ်။ အခုလဲ ကျွန်တော့်အ နေနဲ့ စိတ်ညစ်၊ စိတ်ရှုပ်စရာတွေ ရှိရင် ငွေစန္ဒာရဲ့ မျက်နှာ ကြည်ကြည် င်လလင် လေးကိုမြင်ယောင် လိုက်တဲ့အခါ  ကျွန်တော့်ရဲ့ စိတ်တွေလဲ ကြည်င်လ အေးချမ်း သွားရပါတယ်။

 ငွေစန္ဒာရဲ့ ဂုဏ်ကျေးဇူးတွေဟာ မိသားစုအ ပေါ် မ ဖော်ပြနိုင်လောက်အောင် များပြားပါတယ်။ ကျွန်တော့်အ နေနဲ့ ပြည့်စုံကုံလုံအောင် ဖော်ပြခြင်းငှါမစွမ်းပါ။

မိတ်ဆွေ ဆရာဝန်တစ်ဦးနဲ့ သင်္ကြန်ပွဲမှာ ဆုံတုန်းကလည်း ' ဆရာ့ကို ခုမှပြောဖြစ်တာ၊ ဆရာ့ဇနီးဆုံးတုန်းက မျက်နှာလေးက ပြုံးနေတာတွေ့ရတယ်။ ဘဝကူး ကောင်းမှာ သေချာတယ်။ '  လို့ပြောပါတယ်။ ကျွန်တော်ကလည်း သူကောက်ချက်ချတာကိုလက်ခံပါတယ်။ 

ဇနီးသည်ဟာ ဘဝတစ်ပါးသို့ ရောက်ရှိနေ ပေမယ့် ကျွန်တော်တို့ကို စိတ်ကြည်လင် အေးချမ်းမှု ပေးနေခြင်းအားဖြင့် အကျိုးပြုနေပါတယ်။ ဒီအတွက်လည်း ဇနီးသည်ကို ကျေးဇူးအခါခါတင် မိပါတယ်။

 ငွေစန္ဒာဟာ ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပေမယ့် အချိန်မဖြုန်းဘဲ စက္ကန့်တိုင်း စက္ကန့်တိုင်းကို တန်ဘိုးရှိတဲ့ စိန်တွေစီသွားသည့် အလား မပြတ်သော တရားအမှတ်နဲ့ သတိကပ် ရင်း ဝေဒနာကိုခွာကာ အပျက်ကို မြင်အောင်ရှုနိုင် ခဲ့တဲ့အတွက် အထူးတလည် မျက်နှာကြည်င်လ ဝင်းပစွာနဲ့ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင် ခဲ့တယ်ဆိုတာ လုံးဝ ယုံကြည် ပါတယ်။ 

တကယ်တော့ ငွေစန္ဒာဟာ  စက္ကန့်တိုင်းကို တန်ဘိုးရှိစွာ စိန်စီသွားနိုင် သူဖြစ်ပါတယ်။

၎. ဇူလိုင်. ၂၀၁၂ ၊ ဗုဒ္ဓဟူးနေ့

ငွေစန္ဒာ မိသားစု

Tuesday, January 10, 2012

ငွေစန္ဒာ ၆ လပြည့် အမှတ်တရ

 ငွေစန္ဒာသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့က ဘဝတစ်ပါးသို့ပြောင်းသွားရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက်နေ့က ၆လပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ 

ငွေစန္ဒာကိုအောက်မေ့ တသ၊ သတိရသောအားဖြင့် ငွေစန္ဒာကိုယ်တိုင် ရေးသားခဲ့ပြီး ဘလော့အပေါ် မတင်ဖြစ်ခဲ့သော ဆောင်းပါးတပုဒ်ကို ကျန်ရစ်သူ မိသားစုက ဖော်ပြလိုက်ပါသည်။
  
အိမ်နောက်ဖေးကကြောင်လေးများ

တနေ့ကျမအသံတခုကြားရတယ်၊နှာချေသံပေါ့၊ဟတ်ချိုး၊ဟတ်ချိုးဆိုပြီးတော့။ ကျမလန့်သွားခဲ့တယ်။
သံတံခါးနှစ်ထပ်ပိတ်ထားရဲ့နဲ့အိမ်ရှေ့ဝရန်တာကိုလူဘယ်လိုဝင်လာပါလိမ့်ပေါ့။ ကြောက်ကြောက်နဲ
့
 ချောင်းကြည့်တော့လူမဟုတ်ဘူး၊ကြောင်လေးတကောင်ဖြစ်နေတယ်လေ။အဆက်မပြတ်ကိုနှာချေနေတာ။
အဲဒီနေ့ကစပြီးသူတို့နဲကျမမိတ်ဆွေဖြစ်သွားခဲ့တာ၊ခုထိပေါ့။သူတို့ဆိုတာကြောင်ကလေးသုံးကောင်ပေါ့၊
တကောင်ကတကိုယ်လုံးမဲနေတဲ့ကြောင်မဲမလေး၊နောက်နှစ်ကောင်ကအယ်ဘီးနိုးဖြူစုတ်စုတ်ကြောင်ကလေး
 တွေ၊သုံးကောင်လုံးရုပ်ဆိုးလေးတွေ၊ကျမဒီအိမ်ကိုမရောက်ခင်ကတည်းကသူတို့လေးတွေဒီအိမ်မှာရှိနေခဲ့တာ။
ဘယ်သူမွေးထားတယ်ဆိုတာတော့မသိဘူး။
ကြောင်ဖြူလေးနှစ်ကောင်ကညောင်ညောင်လို့မအော်တတ်ဘူးမျက်စေ့ကလည်းသိပ်မြင်ရပုံမပေါ်ဘူး။
ဒါပေမဲ့နှာချေ၊ချောင်းဆိုး၊အီးပေါက်တာတော့လူအတိုင်းပဲ။ကျမအဲလိုကြောင်မျိုးခုမှတွေ့ဘူးတာ။
ကြောင်မဲမလေးကျတော့တမျိုးသူကိုယ်ဝန်ဆောင်တာတွေ့တာသုံးခါရှိပြီ။ဒါပေမဲ့ကြောင်ကလေးတွေ
တကောင်မှမတွေ့လိုက် ရဘူး။ဘယ်နားမွေးပြီး၊ဘယ်ရောက်သွားမှန်းမသိဘူး။ 
သုံးကောင်လုံးကချစ်စရာလုံးဝမကောင်းပါဘူးရုပ်ဆိုးလေးတွေ၊သမီးလေးကကြောင်ဆိုမကြိုက်တော့
အိမ်ထဲအဝင်မခံပေမဲ့၊ကျမကသူတို့ကိုသနားလို့နေ့တိုင်းတနေ့ကိုသုံးခါ ကျွေးနေတော့ခုဆိုသူတို့က 
နောက်ဖေးဝရန်တာလေးမှာပဲနေတော့တယ်။ဗိုက်ဆာရင်ကြောင်မဲမလေးကတညှောင်ညှောင်နဲ့ပေါ့။
ဟိုနှစ်ကောင်ကမအော်တတ်ဘူးလေ။သူတို့ကထမင်းလည်းမစားတတ်ဘူး။ထမင်းနဲ့ဟင်းနယ်ကျွေးရင်
ထမင်းတွေချန်ခဲ့တယ်။ပေါင်မုန့်နဲ့ဟင်းဆိုရင်တော့ကုန်အောင်စားတယ်။ဈေးဝယ်ရင်သူတို့အတွက်ပါ ငါးသေတ္တာဘူးတွေနဲ့ပေါင်မုန့်တွေဝယ်ထားရတယ်။ခုတခါကြောင်ဖြူမလေးတကောင်နဲ့ကြောင်မဲမလေးက
ဗိုက်ကြီးနေပြန်ပါရောလား။တနေ့မှာလုံခြုံရေးအဖိုးကြီးကိုကျမကမေးကြည့်တယ်။ကြောင်ကလေးတွေ
ခဏခဏဗိုက်ကြီးပြီးသူတို့မွေးတဲ့ခလေးတွေဘယ်ရောက်သွားလဲဆိုတော့၊ညညဆိုနောက်ဖက်ခြံကခွေးတွေ
ဝင်ပြီးလာစားသွားတာတဲ့။ကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်။အဲလိုနဲ့သူတို့မွေးရင်ခွေးရန်
ကလွတ်အောင်၊အိမ်မှာပဲမွေးရင်ကောင်းမှာပဲဆိုပြီးနောက်ဖေးဝရန်တာမှာဇလုံကြီးကြီးထဲအဝတ်ခင်းပြီးချ
ထားပေးလိုက်တယ်။ငွေစန္ဒာတို့ကိုယ့်ဟာကိုယ်အလုပ်ရှုပ်နေရတဲ့အထဲ ကြောင်သားဖွါးခန်းဖွင့်လိုက်တာပေါ့။
မကြာပါဘူးကြောင်နက်မလေးကကြောင်လေး၃ကောင် မွေးပါတယ်။အိမ်နောက်ဖေးဝရန်တာကိုခွေးကမဝင်နိုင်
ဘူးဆိုတော့၊သူတို့သားအမိတွေအတွက်စိတ်ချနေတာပေါ့နော်။တညမှာတော့ကြောင်နက်မလေးရဲ့အော်သံနဲ့
 ကြောင်တွေရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကြားလိုက်တယ်။ခါတိုင်းလည်းကြောင်တွေကတခါတရံအဲလို
ပဲကိုက်နေကြတာဆိုတော့ထမကြည့်လိုက်မိဘူး။မနက်မှကြည့်လိုက်တော့ကြောင်လေးတစ်ကောင်ကိုစား
ထားတဲ့အပိုင်းအစတွေပဲတွေ့ရတယ်။ကျန်တဲ့ကြောင်လေး၂ကောင်ကိုတော့သူ့အမေကချောင်လေးထဲမှာဖွက်
ထားတယ်။

 ဆောင်းပါးအဆက် (ငွေစန္ဒာ မိသားစု) 

ကျန်တဲ့ကြောင်လေးနှစ်ကောင်ကိုအန္တရာယ်ကင်းစွာကြီးပြင်းအောင်ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ 
တကောင်က အနက်ရောင်၊ ကျန်တကောင်က မီးခိုးရောင်လေးပါ။ 
ငွေစန္ဒာ မကျန်းမာစဉ်အခါကလည်း နေ့ဖက်အိမ်မှာတယောက်ထဲကျန်ခဲ့စဉ် ကြောင်လေးတွေကသူမကို
အဖော်လုပ်ပေးခဲ့ပါတယ်။ 
ကြောင်လေးတွေ ပြေးလွှားဆော့ကစားတတ်တဲ့ အချိန်မှာ ကြောင်နက်ကလေးပျောက်သွားပါတော့တယ်။
နောက်မှ အိမ်ရှေ့ကားလမ်းမှာ ကားကြိတ်လို့ သေသွားတယ်ဆိုတာ အိမ်လာလည်နေကျသူငယ်ချင်း ဆရာဝန်မ ပြောလို့သိလိုက်ရတော့ အတော် စိတ်မကောင်းဖြစ်သွားရတယ်။
မရှေးမနှောင်းမှာဘဲ နည်းနည်းအိုနေတဲ့ ကြောင်ဖြူမ တကောင်ကို ခွေးတွေဝိုင်းကိုက်ပြီးစားပြစ် လိုက်ပါ ရောလား။ ငွေစန္ဒာ မိသားစုလည်း ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မကြာခင်မှာဘဲကျန်တဲ့ ကြောင်ဖြူမကတစ်နေရာမှာ ကြောင်လေးတွေမွေးပြီးလမ်းလျှောက် နိုင်တဲ့အရွယ်
မှာ သူ့ကလေးတစ်ကောင်ကိုခေါ်လာခဲ့လို့ ဒီနေ့အထိ ကြောင်နက်မသားအမိနဲ့  ကြောင်ဖြူမသားအမိတို့ကို တစ်နေ့သုံးကြိမ် စေတနာသန့်သန့်နဲ့ ကျွေးမွေးနေပါတယ်။
ကြောင်တွေကိုအစာကျွေးတဲ့အခါတိုင်း ငွေစန္ဒာ မှာကြားသွားသလို 'သတ္တဝါများ အဟာရနှင့်ပတ်သက်၍ ဆင်းရဲခြင်းမှ ကင်းဝေးရပါလို၏။' လို့ နှစ်နှစ်ကာကာဆုတောင်းပေးပါတယ်။
ငွေစန္ဒာတို့ မိသားစုလဲတူသောအကျိုးကိုခံစားရပါတယ်။ အစာအဟာရနဲ့ပတ်သက်လို့ပူပင်ကြောင့်ကြစရာမလိုဘဲအမြဲ ပြည့်စုံခဲ့ပါတယ်။
မိသားစုအပေါ်ကျေးဇူးကြီးမားခဲ့သော ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် ငွေစန္ဒာရဲ့
"အိမ်နောက်ဖေးကကြောင်လေးများ" ဆောင်းပါးအဆက်ကိုတင်ပြလိုက်ရပါတယ်။










 

Monday, August 29, 2011

ကောင်းမှုကုသိုလ်များကိုရေစက်ချအမျှပေးဝေခြင်း






၂၀၁၁ ခုနှစ် ၊ ဇူလှိုင်လ ၊ ၄ရက် တနလာင်္နေ့က ဘဝတစ်ပါးသို့ကူးပြောင်းသွားသော ငွေစန္ဒာအတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး တရားနာ ၊ ရေစက်ချ အမျှဝေပွဲ အခမ်းအနားကို ဇူလှိုင်လ ၊ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

တစ်ဖန် လလည် ဆွမ်းကျွေး တရားနာ ၊  ရေစက်ချအမျှဝေပွဲ အခမ်းအနားများကို ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၊ ၁၃ ရက်နေ့ နှင့် သြဂုတ်လ ၊ ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

တစ်ဆက်တည်း မွေးသမိခင်ကျေးဇူးရှင် ၏ ကြွင်းကျန်ရစ်သော အရိုးပြာကို သား ၊ သမီးတို့က ဝန်ချတောင်းပန်ကန်တော့ကြပါသည်။

ဆက်လက်၍  ငွေစန္ဒာ၏ အရိုးပြာကို ကျန်ရစ်သူမိသားစုက မိတ်ဆွေသင်္ဂဟ အပေါင်းတို့နှင့်အတူ ပင်လယ်ပြင်သို့ သွားရောက်၍ ကြဲပက်ခဲ့ကြပါသည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲပါကြောင်း ပြောကြားကာ အကြံဉာဏ်ပေး ၊ အားပေး ၊ ဆုတောင်း ၊ အမျှဝေပေးမှုများ ပြုခဲ့ကြသော ဘလော့ဂါ မောင်နှမ အပေါင်းတို့အား ထပ်မံ၍ လှိုက်လှဲစွာ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

 

ကျန်ရစ်သူ မိသားစု



Monday, July 18, 2011

ကျေးဇူးအထူးတင်ရှိပါသည်

ငွေစန္ဒာသည် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါကြောင်း ဝမ်းနည်းစွာအသိပေးပြီးနောက်မိတ်ကောင်းဆွေကောင်း များဖြစ်ကြသည့်ဘလော့ဂါမောင်နှမများ၏ အားပေးနှစ်သိမ့် ၊ ဆုတောင်း ၊ အမျှဝေပေးမှုများကိုတုန့်ပြန်ရရှိသည့် အတွက် ကျန်ရစ်သူ မိသားစုဝင်များအားငယ်နေချိန်တွင်များစွာအားတက်ရပါသည်။
ထိုသို့သတင်းစကားများပေးပို့ကြသောညီအစ်ကိုမောင်နှမများကိုကျန်ရစ်သူမိသားစုမှလှိုက်လှိုက်လှဲလှဲ
ကျေးဇူးဥပကာရ တင်ရှိပါသည်။
အစ်မကိုမမြင်ဖူး၍ဓာတ်ပုံတင်ပေးပါရန်အကြံပေးသောညီမတစ်ဦး၏တိုက်တွန်းချက်အရ ငွေစန္ဒာ၏ သရဏဂုံတင်အခမ်းအနားတွင်ဖြန့်ဝေခဲ့သော Programme Flyer ကိုဖော်ပြလိုက်ပါသည်။


ကျန်ရစ်သူ မိသားစု

Monday, July 11, 2011

အသိပေးအပ်ပါသည်

   ငွေစန္ဒာသည် ၂၀၁၁ခုနှစ် ၊ ဧပြီလ ၁၄ရက်နောက်ပိုင်းတွင်တစ်စထက်တစ်စကျန်းမာရေးချို့ယွင်းလာသဖြင့် ဘလော့မရေးနိုင်တော့ပဲနောက်ဆုံးတွင်သူမချစ်သောမိသားစုကိုသံယောဇဉ်ဖြတ်လျက်ရေးဖော်ရေးဖက်
မိတ်ဆွေဘလော့ဂါအပေါင်းတို့ကိုထားရစ်ခဲ့ကာ ၂၀၁၁ခုနှစ် ၊ ဇူလှိုင်လ ၄ ရက်နံနက်တွင် ဘဝတစ်ပါး သို့ကူးပြောင်း သွားပါကြောင်းဝမ်းနည်းစွာအသိပေးအပ်ပါသည်။

ကျန်ရစ်သူ မိသားစု

Thursday, April 14, 2011

အုန်းထမင်းကြက်သားဟင်းနဲ့မုန့်လုံးရေပေါ်စတုဒီသာ


အုန်းထမင်း


ကြက်သားဟင်း


ကြက်ရိုးနဲ့ကြံမဆိုင်ဟင်းချို

သပုရာသီးသနပ်

သခွားသီးနဲ့ပုဇွန်သုပ်

ငါးခြောက်ကြော်

အုန်းသီး


မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ်အုန်းသီးဖြူးထားတာ
မိတ်ဆွေတွေအားလုံးပျော်ရွှင်အေးချမ်းတဲ့မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်။
အုန်းထမင်း၊ကြက်သားဟင်းနဲ့မုန့်လုံးရေပေါ်စတုဒီသာသုံးဆောင်သွားကြပါအုံးနော်။      

Monday, April 4, 2011

မုန်ညင်းစိမ်းချဉ်ရည်၊ငါးကြော်၊ငါးအိုးကပ်နဲ့ ပဲပင်ပေါက်မုန်ညင်းဖြူကြော်

မုန်ညင်းစိမ်းချဉ်ရည်
မုန်ညင်းစိမ်းတွေကိုလက်၂ဆစ်လောက်စီဖြတ်၊ရေစင်အောင်ဆေးပြီးအိုးထဲထည့်၊ခရမ်းချဉ်သီး၂လုံးလောက်
ပါးပါးလှီးထည့်၊ကြက်သွန်နီ၁ဥ၊ကြက်သွန်ဖြူ၃မွှာကြိတ်ထည့်၊ငံပြာရည်၊ဆား၊ဆနွင်းသင့်ရုံ၊ဆီထမင်းစားဇွန်း၁
ဇွန်းထည့်ပြီးအရင်လုံးပါတယ်။အရွက်တွေနွမ်းပြီးခရမ်းချဉ်သီးတွေကြေပြီဆိုရင်၊ရုံးပတီသီး၇တောင့်လောက်
ကို၃ပိုင်းလောက်ဖြတ်ပြီးထည့်ပါတယ်။ခဏနေတော့ရေဆူကိုလိုသလောက်ထည့်ပြီးမန်ကျည်းရေထည့်ပါ
တယ်။ပွက်ပွက်ဆူလာရင်နံနံပင်ခပ်၊အပေါ့အငံမြည်းပြီးချလို့ရပါပြီ။

ငါးကြော်  
 ငါးကိုဆား၊ဆနွင်း၊ငံပြာရည်နဲနဲနဲ့သေချာနယ်ထားပြီး၊ဆီပူပူထဲမှာထည့်ကြော်လိုက်ရုံပါ။တဖက်ကကြွပ်ရင်
နောက်တဖက်လှန်ပြီး၂ဖက်လုံးကြွပ်ရင်ဆယ်လို့ရပါပြီ။

ငါးအိုးကပ်
အိုးလိုက်ပဲချလိုက်တော့တယ်ပန်းကန်ထဲကပုံမရိုက်လိုက်မိဘူး
 ချက်မဲ့ငါးနဲ့ပုဇွန်တွေကိုရေဆေးသန့်စင်ပြီး ဆား၊ဆနွင်း၊ငံပြာရည်သင့်ရုံထည့်သေချာနယ်ထားပါတယ်။
ကြက်သွန်နီ၅ဥနဲ့ခရမ်းချဉ်သီး၂လုံးကိုပါးပါးလှီးပြီးဒယ်အိုးထဲထည့်၊ဆီဟင်းခတ်ဇွန်း၃ဇွန်း၊ဆား၊ဆနွင်း

ငံပြာရည်သင့်ရုံ၊ကြက်သွန်ဖြူ၅မွှာနဲ့ငြုပ်သီးစိမ်း၎တောင့်လောက်ကြိတ်ထည့်ပြီး အနှစ်တွေကျက်အောင်
အရင်ချက်ပါတယ်။ကြက်သွန်နဲ့ခရမ်းချဉ်သီးတွေလိပ်လာရင်ခုနက နယ်ထားတဲ့ငါးနဲ့ပုဇွန်တွေထည့်မွှေပြီး
မီးအေးအေးနဲ့အိုးကိုလှဲ့ပေးပြီးစိတ်ရှည်ရှည်ချက်ပါတယ်။အိုးကပ်နံ့လေးမွှေးလာပြီဆိုရင်နံနံပင်ခပ်အဖုံး
လေးခဏအုပ်ထားပြီးရင်မီးပိတ်လို့ရပါပြီ။အရသာရှိတဲ့ ငါးအိုးကပ်မွှေးမွှေးလေးရပြီပေါ့။

ပဲပင်ပေါက်နဲ့မုန်ညင်းဖြူကြော် 
 အဲဒီပဲပင်ပေါက်ကကိုယ်တိုင်ဖေါက်ထားတာပါ။တရုပ်ဆိုင်ကပဲစိမ်းစိမ်းတွေကိုရေတစ်ညစိမ်ပြီး၊နောက်တနေ့
မနက်ဇကာခြင်းထဲမှာရေဆွတ်ထားတဲ့လက်သုတ်ပုဝါခင်းပြီးရေစိမ်ထားတဲ့ပဲတွေဖြန့်ထားအပေါ်ကနောက်တ
ထည်နဲ့ထပ်အုပ်ပြီးရေကိုတနေ့၎ခါလောက်လောင်းထားပေး၊၃ရက်ဆိုရင်ပဲပင်ပေါက်ရပါပြီ။ပထမဦးဆုံးလုပ်ဖူး
တာပါ။ပဲပင်ပေါက်ဝယ်ဖို့မလွယ်ကူတဲ့မိတ်ဆွေတွေစားချင်ရင်စမ်းလုပ်ကြည့်ပါနော်။ရလာတဲ့ပဲပင်ပေါက်တွေ
ကိုအမြစ်တွေဖြတ်ပြီးရေဆေး၊ရေစစ်ထားပါ။မုန်ညင်းစိမ်းဝယ်တာမုန်ညင်းဖြူတပင်ပါလာတာနဲ့လက်၂ဆစ်
လောက်ဖြတ်ပြီးရေဆေးရေစစ်ထားပြီးရောကြော်ပါမယ်။ကြက်သွန်ဖြူ၅မွှာလောက်ကိုထုပြီးဆီသတ်၊မွှေးလာ
ရင်ရေစစ်ထားတဲ့ပဲပင်ပေါက်နဲ့မုန်ညင်းတွေထည့်၊ဆား၊ကြက်သားမှုန့်နဲနဲထည့်ပြီးကြော်ပါတယ်။ကျမကနွမ်း
အောင်မကြော်ပါဘူး။ဟင်းရွက်ကြော်တွေပျော့နေရင်မကြိုက်လို့ပါ။
မုန်ညင်းစိမ်းချဉ်ရည်၊ငါးကြော်၊ငါးအိုးကပ်နဲ့ပဲပင်ပေါက်မုန်ညင်းဖြူကြော်ပူပူနွေးနွးလေးရပါပြီ၊လာလည်တဲ့
သူတွေအားမနာတန်းသုံးဆောင်သွားကြပါနော်။